ဧရာရွှေဝါ၏ ညီနောင်ကုမ္ပဏီများမှ Covid 19 ကူးစက်ရောဂါ ထိန်းချုပ် ကုသနိုင်ရေးအတွက် မိမိတို့၏ အသက်ကိုပင် ပဓာနမထားပဲ ကာကွယ်ခြင်း ကုသစောင့် ရှောက်ခြင်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသော အစိုးရမှတာဝန်ရှိသူများ ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများ လူမှုရေးအဖွဲ့အစည်းများ အများ ပြည်သူ ဝန်ဆောင်မှုပေးနေကြသောဝန်ထမ်းများအတွက် မရှိမဖြစ်လိုအပ်လျက်ရှိသော ငွေကျပ် သိန်း (၂,၀၀၀) တန်ဖိုးရှိ PPE ဝတ်စုံ (၆၀၀၀) ၊ ခွဲစိတ်ခန်းသုံး face mask (၂၀၀,၀၀၀) လက်သန့်ဆေးရည် လီတာ (၂,၀၀၀) တို့ကို ဖြည့်ဆည်းကူညီနိုင်ရန်အလို့ငှါ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဆေးရုံများ၊ လက်ရှိ Quarantineပြုလုပ်နေ သည့် နေရာများနှင့် မြန်မာပြည်တဝှမ်းလုံးရှိ လိုအပ်နေသော အစိုးရဆေးရုံကြီးများသို့ လှူဒါန်းနိုင်ရန်အတွက် နိုင်ငံခြားမှ မှာယူတင်သွင်းထားသော ကျန်းမာရေး အထောက်အကူ ပစ္စည်းများ ပထမအသုတ်အဖြစ် ရောက်ရှိနေပြီဖြစ်ပါသည်။ မိမိတို့နိုင်ငံအတွက် အရေးကြုံလာလျင် နိုင်ငံချစ်စိတ် ကိုယ့်လူမျိုးကိုချစ်စိတ်နှင့် ပင်ကိုယ်အသိစိတ်တို့ဖြင့် လိုအပ်ချက်နှင့် အခက်အခဲတို့အား ကူညီဖြည့်ဆည်း ဆောင်ရွက်ခွင့်ရခြင်းအတွက် အထူးပင် ဝမ်းမြောက်ပီတိဖြစ်ရခြင်းနှင့်အတူ ဝမ်းသာ ဂုဏ်ယူမိပါသည်။